ဖားအောက်ရိပ်သာတွင် ဘယ်လိုနည်းဖြင့် လေ့ကျင့်သင်ကြားပေးသနည်း။

 ဖားအောက်တောရရိပ်သာတွင် သင်ကြားပို့ချသော တရားထိုင်နည်းစနစ်သည် တိပိဋက (ပါဠိကျမ်း) နှင့် ၎င်း၏ ဋီကာများတွင် ဖော်ပြထားသော မြတ်စွာဘုရား၏ ညွှန်ကြားချက်များကို အခြေခံထားသည်။ ဤစနစ်တွင် အဓိကသုံးပိုင်းပါဝင်ပြီး မိမိ၏ ကျင့်ဝတ်စည်းကမ်းများကို စောင့်ထိန်းခြင်း (သီလ)၊ စိတ်အာရုံကို တစ်နေရာတည်း၌ စူးစိုက်ခြင်း (သမာဓိ) နှင့် ထိုးထွင်းသိမြင်ခြင်း (ပညာ) တို့ဖြစ်သည်။ ဤဘဝ၌ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် အလို့ငှာ ကိုယ်နှင့်စိတ်၏ ညစ်ညမ်းမှုများကို သန့်ရှင်းစင်ကြယ်စေရန် အဆင့် ခုနှစ်ဆင့်ဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးသည်။။


အတိုချုပ်အားဖြင့် တရားစအားထုတ်ရာတွင် အဓိကအားဖြင့် စိတ်အာရုံကို တနေရာတည်း၌ စူးစိုက်ပွါးများခြင်း (သမာဓိ) ကမ္မဋ္ဌာန်းဖြင့် ဈာန်လမ်းကို အစပြု၍ ပွါးများသည်။ ယောဂီ (တရားထိုင်သူ) သည် သမထပိုင်း၌ မြတ်စွာဘုရား သင်ကြားသည့် သမထကမ္မဋ္ဌာန်း လေးဆယ်မှ မိမိနှစ်သက်ရာ ကမ္မဋ္ဌာန်းကို လွတ်လပ်စွာ ရွေးချယ်၍ အားထုတ်နိုင်သည်။ ဖားအောက်တောရ၌ ယောဂီအများစုသည် ၀င်လေထွက်လေ( အာနာပါနဿတိ)ကမ္မဋ္ဌာန်းကို ဈာန်ထိရောက်အောင် ပွါးများကြသည်။ ဈာန်ထိရောက်အောင် သမာဓိကို ပွါးများပြီးသော ယောဂီသည် ဝိပဿနာ (ထိုးထွင်းသိမြင်ခြင်း) ကမ္မဋ္ဌာန်းကို ကျင့်နိုင်သည်။


အခြားနည်းတစ်ခုအနေဖြင့် ယောဂီသည် ဈာန်ထိရောက်အောင် သမာဓိမထူထောင်လိုပါက ဝိပဿနာကမ္မဋ္ဌာန်းမကျင့်မီ ဓါတ်ကြီးလေးပါး ကမ္မဋ္ဌာန်းဖြင့် ဈာန်သမာဓိနီးပါးရောက်အောင် သမာဓိထူထောင်ရမည်ဖြစ်သည်။ မည်သည့်နည်းလမ်းဖြင့် အားထုတ်စေကာမူ သမာဓိစံချိန်မှီမှသာလျှင် ဝိပဿနာ (ထိုးထွင်းသိမြင်ခြင်း) ကမ္မဋ္ဌာန်းကို ကျင့်နိုင်သည်။


ယောဂီသည်သမာဓိကမ္မဋ္ဌာန်းကို ပြည့်စုံအောင် ပွါးများပြီးလျှင် မေတ္တာ(ချစ်ခင်ကြင်နာမှု အားမျှဝေခြင်း)၊ ဗုဒ္ဓနုဿတိ (မြတ်စွာဘုရားကို ချီးမွမ်းအောက်မေ့ခြင်း)၊ အသုဘ (ခန္ဓာကိုယ်၏စက်ဆုပ်ရွံရှာဖွယ်ကို အောက်မေ့ခြင်း) နှင့် မရဏဿတိ(သေခြင်းကိုအောက်မေ့ဆင်ခြင်ခြင်း)စသည့် အကာအကွယ် အစောင့်ကမ္မဋ္ဌာန်း‌လေးပါးကို  သင်ကြားပေးသည်။


ထို့နောက် ယောဂီအား ရုပ်နှင့် နာမ်ကို ပိုင်းခြားသိမြင်စေရန် 'ပညာအလင်း' ဟူသော ဝိပဿနာကမ္မဋ္ဌာန်းလမ်းကို သင်ကြားပေးမည်ဖြစ်သည်။ ထို့ကြောင့် ယောဂီသည် ကျောင်းကျိုးဆက်နွယ်ခြင်းဖြစ်တည်ခြင်း (ပရိစ္စသမုစ္ပါတ်) စက်ဝိုင်းကို ပိုင်းခြားနားလည်နိုင်မည်ဖြစ်ပြီး မိမိ၏ အတိတ်နှင့် အနာဂတ် ဘဝများစွာကို သိမြင်ကြည့်ရှုနိုင်ရန်နှင့် ထိုသက်ဆိုင်ရာဘ၀များ ပြန်လည်မွေးဖွားဆပ်စပ်နေခြင်း အကြောင်းရင်းများကို သိမြင်နိုင်မည်ဖြစ်သည်။


ယောဂီသည်(ပရိစ္စသမုစ္ပါတ်)ကျောင်းကျိုးဆက်နွယ်ဖြစ်တည်လာပုံကို သိမြင်ပြီးမှသာ ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်ရာတွင် လိုအပ်သည့် အရှုခံအာရုံများကို ရရှိမည်ဖြစ်သည်။  ဝိပဿနာဘာဝနာကို ကျင့်ခြင်းဖြင့် ယောဂီ၏ ဉာဏ်အာရုံတွင် (အတိတ်၊ ယခုနှင့် အနာဂတ်၊ အတွင်းနှင့် အပြင်၊ ဒြပ်ကြီးနှင့် ဒြပ်ငယ်၊ အားနည်းနှင့် အားကောင်း၊ ဝေးလံရာနှင့် နီးကပ်ရာ)စသည့် အရှုခံအာရုံတို့၏ အပျက်သဘော (အနိစ္စ)၊ သုခမရှိသဘော (ဒုက္ခ)နှင့် မိမိအစိုးမရသဘော (အနတ္တ) ဟူသည့် လက္ခဏာရေးသုံးပါးကို ပိုင်းခြားသိမြင်နိုင်မည်ဖြစ်သည်။ 


"ဝိသုဒ္ဓိမဂ္ဂ" (သန့်ရှင်းရေးလမ်း) နှင့်အညီ ယောဂီသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင်ရှိသော ရုပ်နှင့် နာမ်တရားများကို အသေးစိတ် သိမြင်နိုင်ရန် ကျင့်စဉ်များကို သင်ကြားပေးပါမည်။ ဤနည်းဖြင့် ယောဂီသည် နိဗ္ဗာန်ရရှိရန် ပထမအဆင့်ဖြစ်သော ထိုးထွင်းသိမြင်ပညာအဆင့်များကို တစ်ဆင့်ချင်း တိုးတက်လာနိုင်ပါသည်။


ယောဂီသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုသောအခါ မည်သည့် အကြောင်းများ ဖျက်ဆီးနိုင်ပြီး မည်သည့်ဉာဏ်ပညာအဆင့်သို့  ရောက်ရှိခဲ့သည်ကို သိမြင်‌စေမည်ဖြစ်သည်။ ဆက်လက်၍ သင်ယူလေ့ကျင့်ခြင်းဖြင့် ယောဂီသည် အာသဝေါတရား အားလုံးကို ပယ်ရှားနိုင်ကာ ရဟန္တာအဆင့်သို့ ရောက်ရှိနိုင်ပြီး ပဋိသန္ဓေနေခြင်း၏ ဒုက္ခကို အပြီးတိုင် ချုပ်ငြိမ်းနိုင်မည် ဖြစ်သည်။