အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရဗုဒ္ဓသာသနာ့ရိပ်သာ(သန်လျင်)သည် တနှစ်ပတ်လုံး ဖွင့်လှစ်သောကမ္မဋ္ဌာန်းရိပ်သာဖြစ်ပါသည်။ရိပ်သာ၌ ဝင်ရောက်တရားအားထုတ်လိုပါက ပထမဦးစွာ online မှတဆင့် ဖောင်တင်ရန်လိုအပ်ပြီး ဝင်ခွင့်ပြုကြောင်း အတည်ပြုစာရမှသာလျှင် ၀င်ရောက်တရားအားထုတ်နိုင်ပါသည်။
ရိပ်သာဝင်ခွင့်ဖောင် မဖြည့်မီ
- လိုက်နာရန် စည်းကမ်းချက်များနှင့် တနေ့တာ အချိန်ဇယားကို သေချာစွာ ဖတ်ရှုပါ။
- မိမိ ဝင်ရောက်လိုသည့်နေ့မတိုင်မီ အနည်းဆုံး ၅ ရက် ကြိုတင်၍ ဖောင်တင်ရမည်။
- မိမိ (သို့) ဖောင်ဖြည့်ပေးမည့်သူတွင် Email account နှင့် password ရှိရမည်။
- ဖောင်ဖြည့်ရာတွင် ( * ) ပါသော မေးခွန်းတိုင်းကို ချန်လှစ်ထား၍ ဖောင်တင်ခြင်းမရပါ။
- ဓါတ်ပုံတင်ရမည်ဖြစ်သောကြောင့် ဖောင်မတင်မီ မိမိတင်မည့် ဖုန်း (သို့) ကွန်ပျူတာထဲတွင် ဓါတ်ပုံကို ကြိုတင် သိမ်းထားရန်လိုအပ်ပါသည်။
- ဖောင်တင်ပြီးပါက အောင်မြင်ကြောင်း အတည်ပြုစာ ပေါ်လာပြီး မိမိဖြည့်ထားသော Email သို့လည်း မိမိတင်ထားသောဖောင် ပြန်လည်ရောက်ရှိနေမည်ဖြစ်သည်။
- ဝင်ခွင့်ပြုကြောင်း အတည်ပြုစာကို Email မှတဆင့် အကြောင်းပြန်ပေးပါမည်။ ရိပ်သာသို့ ဝင်ခွင့်ရမရကို ဖုန်းဖြင့် စုံစမ်းလိုပါက လျှောက်လွှာတင်ပြီး ၄ ရက်နေ့မှစ၍ ရုံးချိန် (နံနက် ၉း၀၀ မှ ညနေ ၄း၀၀ အတွင်း) 09795305718, 09421521144 ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
- ရိပ်သာဝင်ခွင့်ရပြီးသူသည် မိမိဝင်မည့်နေ့တွင် နံနက် ၈း၀၀ မှ ညနေ ၄း၀၀ အတွင်း ရောက်ရှိရမည်ဖြစ်ပြီး ရုံးခန်းသို့ ဦးစွာ အကြောင်းကြားရမည်။