Pa-auk Tawya Thanlyin

The International Buddhasāsana Meditation Centre (Than Lyin) is a meditation monastery that is open year-round. To practice meditation at the monastery, you must first submit an online form and can only enter once you have received a confirmation letter.


Please read rules and regulation before filling form.


RULES AND REGULATION DAILY ACTIVITY TABLE APPLICATION FORM

ဖားအောက်တောရရိပ်သာ(သန်လျင်)

 အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရဗုဒ္ဓသာသနာ့ရိပ်သာ(သန်လျင်)သည် တနှစ်ပတ်လုံး ဖွင့်လှစ်သောကမ္မဋ္ဌာန်းရိပ်သာဖြစ်ပါသည်။ရိပ်သာ၌ ဝင်ရောက်တရားအားထုတ်လိုပါက ပထမဦးစွာ online မှတဆင့် ဖောင်တင်ရန်လိုအပ်ပြီး ဝင်ခွင့်ပြုကြောင်း အတည်ပြုစာရမှသာလျှင် ၀င်ရောက်တရားအားထုတ်နိုင်ပါသည်။


ရိပ်သာဝင်ခွင့်ဖောင် မဖြည့်မီ

  • လိုက်နာရန် စည်းကမ်းချက်များနှင့် တနေ့တာ အချိန်ဇယားကို သေချာစွာ ဖတ်ရှုပါ။
  • မိမိ ဝင်ရောက်လိုသည့်နေ့မတိုင်မီ အနည်းဆုံး ၅ ရက် ကြိုတင်၍ ဖောင်တင်ရမည်။
  • မိမိ (သို့) ဖောင်ဖြည့်ပေးမည့်သူတွင် Email account နှင့် password ရှိရမည်။
  • ဖောင်ဖြည့်ရာတွင် ( * ) ပါသော မေးခွန်းတိုင်းကို ချန်လှစ်ထား၍ ဖောင်တင်ခြင်းမရပါ။
  • ဓါတ်ပုံတင်ရမည်ဖြစ်သောကြောင့် ဖောင်မတင်မီ မိမိတင်မည့် ဖုန်း (သို့) ကွန်ပျူတာထဲတွင် ဓါတ်ပုံကို ကြိုတင် သိမ်းထားရန်လိုအပ်ပါသည်။
  • ဖောင်တင်ပြီးပါက အောင်မြင်ကြောင်း အတည်ပြုစာ‌ ပေါ်လာပြီး မိမိဖြည့်ထားသော Email သို့လည်း မိမိတင်ထားသောဖောင် ပြန်လည်‌ရောက်ရှိနေမည်ဖြစ်သည်။
  • ဝင်ခွင့်ပြုကြောင်း အတည်ပြုစာကို Email မှတဆင့် အကြောင်းပြန်ပေးပါမည်။ ရိပ်သာသို့ ဝင်ခွင့်ရမရကို ဖုန်းဖြင့် စုံစမ်းလိုပါက လျှောက်လွှာတင်ပြီး ၄ ရက်နေ့မှစ၍ ရုံးချိန် (နံနက် ၉း၀၀ မှ ညနေ ၄း၀၀ အတွင်း) 09795305718, 09421521144 ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
  • ရိပ်သာဝင်ခွင့်ရပြီးသူသည် မိမိဝင်မည့်နေ့တွင် နံနက် ၈း၀၀ မှ ညနေ ၄း၀၀ အတွင်း ရောက်ရှိရမည်ဖြစ်ပြီး ရုံးခန်းသို့ ဦးစွာ အကြောင်းကြားရမည်။


လိုက်နာရန်စည်းကမ်းများ နေ့စဥ်လုပ်ဆောင်ရမည့်အချိန်ဇယား ရိပ်သာဝင်ခွင့်‌‌လျှောက်လွှာ